စာကို ထိထိရောက်ရောက်လေ့လာမယ်


ဒါကကျတော့်အမြင်တစ်ခုထဲမဟုတ်ပါဘူး။ တချို့ research studies ကနေလည်း စာလေးဖတ်ပြီး ပြန်မျှဝေတာပါ။ (သိသလောက်ပါ။) ပြီးတော့ ဒီစာက technology integrated learning မျိုးမဟုတ်ပါဘူး၊ စာအုပ်တွေ စာရွက်တွေနဲ့ လေ့လာခြင်းအတွက်ပါ။ 

စာလုပ်တော့မယ်ဆိုရင်… 


နေ့အချိန်မှာ အလင်းရောင်သေချာရရှိနိုင်တဲ့နေရာတွေမှာစာကိုလေ့လာပါ။ ပြူတင်းပေါက်နားမှာ စာလုပ်ပါ။ (ကျောင်းမှာထိုင်ရင်တောင် မှောင်တဲ့ နေရာတွေမှာမထိုင်သင့်ပါဘူး။) 


မီးလာရင် natural light colour (cool-toned) 4000 - 6000K ကြားရှိတဲ့အလင်းရောင်က alterness ပေးတဲ့ အပြင် cognitive performance ကိုပိုတိုးတက်စေပါတာကြောင့် အဲ့ဒီ အတိုင်းအတာကြားက အလင်းနဲ့စာလုပ်ပါ။ 


မီးမလာရင်တော့ မီးသီးကို natural light colour ဆန်တဲ့အလုံးတွေနဲ့စာလုပ်တာပိုထိရောက်ပါတယ်။ 


ဖယောင်းတိုင်နဲ့ရောဆိုရင်တော့…

 မှိန်တဲ့အရောင်၊ တအား yellowish အရောင်က လူကိုအိပ်စေချင်ပါတယ်။ ဒါပေမဲ့ reading and detailed work အတွက်သူတို့ကအဆင်ပြေစေတယ်တဲ့၊ အလုပ်ကိုတော့နှေးစေပြီး မျက်စိထိပါတယ်။ ဖယောင်းတိုင် ၃/၄ တိုင်ကို ၆ ပေကနေ ၁၂ ပေအကွာထွန်းဖို့အကြံပြုပါတယ်။ (shadow ကိုသတိပြုပြီးကိုယ့်စာအုပ်အနေအထားနဲ့ position ကိုတော့ကိုယ့်ဘာသာသင့်တော်သလိုဆုံးဖြတ်ပါ။) ဒီလိုအချိန်မျိုးမှာ ဖတ်ရ၊ ချရေးရတဲ့အလုပ်မျိုးကိုရှောင်ပြီး၊ နားထောင်တာတစ်ခုခုကနေလေ့လာလို့ရရင်လေ့လာတာပိုကောင်းမယ်လို့မြင်ပါတယ်။ (အိပ်ငိုက်မယ်ဆို အချဉ်ထုတ်လေးစားပါ။) 😁


စာလုပ်ချိန်ကို အချိန်အကြာကြီးဆွဲမလုပ်ပဲ 

Promodoro technique ကိုသုံးပါ။ (အင်တာနက်မှာရှာကြည့်ပါ မသိသေးရင်။)

ကျတော်အကြံပေးနိုင်တာနောက်တစ်ခုက ၂၀/၂၅ ကနေ မိနစ် ၅၀ထိ စာလုပ်ပြီး ၅/၁၀မိနစ် ခနနားပြီ စာပြန်စကြည့်တဲ့အခါ စာအသစ်ကိုချက်ချင်းကြီးတန်းမသွားပဲ ခုနကလေ့လာခဲ့တာကို recall ပြန်ခေါ်ကြည့်ပါ။ ခေါင်းထဲမဝင်သေးရင် သေချာပြန်ကြည့်ပြီး တစ်ပတ်ပြန်ကျော့ပါ။


(၃ရက်တစ်ခါ/ တစ်ပတ်တစ်ခါလည်းပြန်ကျော့ဖို့မမေ့ပါနဲ့။) 


စားပွဲခုံပေါ်မှာ လိုအပ်မဲ့စာအုပ်နဲ့ခဲ့တံဘောပင်ကလွဲပြီး ကျန်တာတွေရှင်းထားပါ။ စာမှတ်တဲ့အခါပိုထိရောက်ပါတယ်။ ကိုယ့်စာကြည့်ခန်းမှာလည်း စာအုပ်တွေနဲ့ပိတ်နေတာမျိုးမထားပါနဲ့။ နံရံကိုလည်း ရှင်းရှင်းလေးထားပါ။

 အထူးသဖြင့် ဖုန်းကိုလည်း silent mode or focus mode ထားပါ။ ခနနားတဲ့အချိန်မှာ ဖုန်းမသုံးပါနဲ့ အကြောလျော့၊ လမ်းလျှောက်၊ သစ်ပင်ပန်းပင်ကြည့်တာ ရေလောင်းတာကိုလုပ်ပါ။


၇-၉ နာရီကြားအပြည့်အဝအိပ်ပါ။ 


May your learning be productive! Stay safe! ❤️


Author: Nyi Nyi 

Comments

Popular posts from this blog

Types of corrective feedback